မိန်းကလေးများအတွက် မဟာဥပဒေသများ
၁။ ရည်းစားဘယ်နှစ်ယောက်ပဲထားထား၊ ကိုထားသမျှရည်းစားတွေကို nick တစ်မျိုးထဲပဲခေါ်ပါ။ ယောကျာ်းများဟာ အင်မတန်ဇီဇာကြောင်၊ အတ္တကြီးကြတာပါ။ သူတို့သာ ရည်းစားအများကြီး တစ်ပြိုင်တည်း ထားချင်ထားမယ်။ သူတို့ ကောင်မလေးတွေကိုတော့ သူတို့တစ်ယောက်ထဲကိုပဲချစ်စေချင်တာပါ။ ဒါကြောင့် သူတို့က အမြဲတမ်း ကိုယ်မသိတဲ့ဖုန်းနံပါတ်နဲ့ ဖုန်းဆက်ပြီးတော့ ခုပြောနေတာ ဘယ်သူလဲသိလားဆိုပြီး မေးတတ်ပါတယ်။ ဒီအခါမှာ ကိုယ်က အစထဲက ရည်းစားတွေကို နစ်တစ်မျိုးထဲခေါ်ထားမယ်ဆိုရင် ဘယ်သူပဲဆက်ဆက်.. ဥပမာ - ကိုကိုမလားလို့ မေးလိုက်ရင် ပြီးပါပြီ။ ကဲ.. အကြံမပိုင်လား.. :P
၂။ ဒီတစ်ခုကတော့ ကျဉ်းထဲကျပ်ထဲ အခက်အခဲတွေ့တဲ့အခါ အင်မတန်ကို အသုံးဝင်တဲ့နည်းလေးပါ။ ကိုက ရည်းစားလည်း ၃၊ ၄ ယောက်လည်းထားမိတယ်။ အပေါ်မှာ ရေးသလို nick လည်း တစ်မျိုးထဲမခေါ်မိဘူးပေါ့နော်။ တစ်ယောက်နဲ့သွားတယ်။ အဲဒီမှာ မှားခေါ်မိတယ်။ မောင်ခေါ်နေကျလူကို ကိုကိုလို့ခေါ်မိတယ်ပေါ့နော်။ ဒီအခါမှာ စိတ်မပူပါနဲ့။ technique တွေရှိတယ်လေ။ သူတို့က ဟင်.. ဘယ်လိုခေါ်လိုက်တယ်လို့မေးရင်.. မျက်နှာလေးကို အိုပြီး ဒီလိုပြောပါ။ မောင်ရယ်.. မောင့်ကိုလေ.. ချစ်က အစထဲက ကိုကိုလို့ ခေါ်ချင်နေတာ။ မောင့်အလိုကျသာ မောင်လို့ခေါ်ရတာမောင်ရယ်.. အိပ်မက်ထဲမှာတောင်လေ ချစ်က မောင့်ကို ကိုကိုလို့ခေါ်နေမိတာ.. အခုလေ စိတ်ထဲကခေါ်ကြည့်နေရင်း ယောင်ပြီး ပါးစပ်ကထွက်သွားတာ.. ခုမှတော့မထူးပါဘူး မောင် ရယ်.. ကိုကိုလို့ပဲခေါ်တော့မယ်နော်.. (ကဲ.. သျှင်မွန်သွေးတို့များ ဘယ်လောက် ကလိမ်ကကျစ်နိုင်လဲလို့.. :P)
၃။ အထူးအကြံပေးချင်တာကတော့ ယောက်ျားလေးက ကိုယ့်ထက်ကြီးမယ်ဆိုရင် ကိုကို ခေါ်တာအသင့်တော်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီ option လေးမှာ အသုံးဝင်လို့ပေါ့။ မိန်းကလေးအတော်များများက ကို့ရဲ့ အကိုတွေကို ကိုကိုလို့ ခေါ်တတ်ကြပါတယ်။ ကိုက ရည်းစား ၁ ယောက်အပြင်ပိုထားတယ်ဆိုရင် အဲဒီရည်းစားကို ကို့ရဲ့ အကို (သို့) ၀မ်းကွဲအကိုများကိုလည်း ကိုကိုလို့ခေါ်ပါကြောင်းကို မသိမသာနားသွင်းထားပါ။ ရည်းစားတစ်ယောက်နဲ့တွဲသွားနေတုန်း နောက်တစ်ယောက်နဲ့တွေ့ရင် လုံးဝမလန့်ပါနဲ့။ လက်ထဲကရည်းစားကို လက်တွေဘာတွေဖမ်းချိတ်ပြီး လက်ကိုနည်းနည်းညှစ်ပြီး အချက်ပြပါ။ ရှေ့ကရည်းစားကိုလည်း မျက်စိခိုးမှတ်ပြပြီး ဒီလိုပြောပါ။ ဥပမာ - ကိုကိုရေ.. ဒါလေ.. ချစ်ပြောပြောနေတဲ့ အော်စီက ချစ်အကိုလေ.. ပြန်ရောက်တာမကြာသေးဘူး.. ဘာညာဆိုပြီး အပီအပြင်ထည့်ပါ.. ရာနှုန်းပြည့်တော့မရဘူး.. ၁၀ ယောက်မှာ ၉ ယောက်တော့ ရတယ်ခင်ညာ့.. :D
၎။ ပြီးတော့ပေါ့နော်။ ယောက်ျားများကြီးကြီးငယ်ငယ် အတ္တတော့ကြီးကြတာပဲ။ (ဥပမာ - မြေပွေးများလိုပဲ .. အကောင်သေးလေ အဆိပ်ပြင်းလေတဲ့) .. ဒီ option ကတော့ ကိုနဲ့ရွယ်တူ (သို့) ကို့ထက်ငယ်တဲ့သူကို ရည်းစားထားကြသော အမျိုးသမီးအပေါင်းကို ပိုပြီးရည်ရွယ်ပါတယ်။ ယောကျာ်းများနဲ့ အတ္တ၊ အတ္တနဲ့ ယောကျာ်းများဟာ ရိုင်းရိုင်းပြောရရင်တော့ ယောကျာ်းများနဲ့ သူတို့ဖွားဖက်တော်လိုပဲ .. အမြဲကပ်နေတာပါ.. :P .. ယောကျာ်းတစ်ယောက်နဲ့ အဆင်ပြေချင်ရင် သူတို့ အတ္တကို များများရှင်သန်ခွင့်ပေးပါ။ ဥပမာ - ကိုကာကိုလာဘူးလေး ဖောက်တာကအစ ငါသိငါတတ် ဇွပ်ခနဲ သွားမဖောက်ပါနဲ့။ မောင်.. မလက်နာတယ်.. ဖောက်တတ်ဘူး ဘာညာဆိုပြီး ယောကျာ်းများကို မှီခိုပါ။ ယောကျာ်းများ ငယ်လေ ဆရာလုပ်ချင်လေပါပဲ။ ယောကျာ်းများအနှစ်သက်ဆုံး မိန်းမအမျိုးအစားဟာ အမှီခိုခံအမျိုးအစားပါ။ ကိုယ့်ထက်ကြီးတဲ့လူကို ရည်းစားထားကြကုန်သော အမျိုးကောင်းသမီးတို့ကတော့ ဆိုးမှာ၊ နွဲ့မှာ သေချာတဲ့အတွက် သိပ်မပြောလိုတော့ပါဘူး။ ဒီအချက်ကတော့ အထူးကို အရေးကြီးတဲ့အချက်တစ်ခုဆိုတာ ပျိုမေတို့မှတ်သားထားကြပါ။
၅။ နောက်တစ်ခုကတော့ ယောကျာ်းများကို ကိုယ်က သိပ်ချစ်ကြောင်းသွားမပြမဖို့ပါပဲ။ အဲဒီလိုဆိုရင် ငါးသိုင်းများ ဟင်းဟုံဆိုသလို ကြာတော့ နားအီသွားတတ်ပါတယ်။ ကိုယ့်ဘက်ကအမြဲတစ်ကွက်အသာချန်ထားပါ။ ယောကျာ်းများဟာ မရခင်သာ ဖျာလိုလိပ်၊ ထိပ်ပေါ်တင်တာ.. ရပြီးတဲ့ခါကျ ဖျာလိုခင်းပြီး ချနင်းတတ်သတဲ့။ ဒါကြောင့် ပြေးသူနဲ့ လိုက်သူမှာ ကိုက အမြဲပြေးသူဖြစ်ပါစေ။
ဒီနေ့စဉ်းစားလို့ ရသမျှကတော့ ဒီလောက်ပါပဲ စစ်တို့ရေ.. ရည်းစားထားနည်း သေနင်္ဂဗျူဟာဆိုတာကလည်း အများသားကလား.. ဒါကြောင့် နောက်နေ့တွေမှာလည်း ဒီ post ကိုစဉ်းစားရသမျှ ဆက်တင်ပေးပါမယ်။ စစ်တို့ကိုလည်း ၀င်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေ။