Thursday, October 22, 2009

စွယ်စုံရ ကြက်သွန်နီ

ကဲ.. ဟင်းချက်ဖူးသူတိုင်း၊ ဟင်းမချက်ဖူးရင်တောင်မှ ချက်နေတဲ့သူတွေလုပ်တာကိုင်တာ မြင်ဖူးရင် ဟင်းချက်ရာမှာကြက်သွန်နီဟာမပါမဖြစ်ဆိုတာသိကြမယ်ထင်ပါတယ်။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသလိုပါပဲ။ ဘယ်လောက်ပဲ ခေတ်မီပါတယ်ပဲပြောပြော၊ ငယ်ငယ်က တိုင်းရင်းဆေးတစ်ခွက် (အနည်းဆုံး လျက်ဆား) လောက်တော့ သောက်ဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့်လွယ်လွယ်ကူကူလည်းရနိုင်၊ အမြဲတမ်းလည်း စားသုံးဖြစ်နေတဲ့ ကြက်သွန်နီရဲ့ ဆေးဘက်ဝင်ပုံလေးတွေကို မျှဝေလိုက်ပါတယ်။

ကြက်သွန်နီ၏ အသုံးဝင်ပုံများ




၁။ ကလေးများ သေးပြီးညှက်နေလျှင် ကြက်သွန်နီဥနှင့် ထန်းလျက်ကိုရောကာ ကျွေးပါက ဖွံ့ထွားလာသည်။
၂။ အိပ်မပျော်လျှင် ကြက်သွန်နီကို မီးဖုတ် (သို့) ပေါင်းပြီးစားရသည်။
၃။ နှာခေါင်းသွေးထွက်လျှင် ကြက်သွန်နီရှူက ပျောက်၏။
၎။ နားကိုက်လျှင် ကြက်သွန်နီကိုထောင်း၍အရည်ညှစ်၊ မီးနှင့်ပူအောင်လုပ်ပြီး နားထဲသို့နွေးနွေးထည့်ရသည်။
၅။ ချောင်းဆိုးလွန်းလျှင် ကြက်သွန်နီဥကို အစိမ်းစားပေးရသည်။
၆။ အိမ်တွင် သင်္ဘောဆေးသုတ်ပြီးကာစ နံစော်၍မခံနိုင်လျှင် အိမ်ထဲတွင် ကြက်သွန်နီကိုလှီး၍ ရေစိမ်ထားက အနံ့ပျောက်သည်။
၇။ ပျားတုပ်ခံရလျှင် ကြက်သွန်နီအမြိတ်မှရသော အရည်နှင့်ပွတ်က အရှင်းပျောက်၏။

Reference: သစ်ဥသစ်ဖု၊ ၀လံပန်းမံ

No comments:

Post a Comment