ဒီတစ်ခါရေးပေးမယ့်အကြောင်းကတော့ အမျိုးသမီးထုပရိသတ်ကြီးအတွက် အဓိကပါ.. (အမျိုးသားတွေ စိတ်မဆိုးနဲ့နော် .. :P)
ကဲ.. မြန်မာပြည်မှာကလည်း မိုးတွင်းထဲရောက်နေပြီ ပူတုန်းအိုက်တုန်းပါပဲ.. တစ်နှစ်လုံးလဲ အေးလားဆိုတော့ မအေးပါဘူး.. မြန်မာပြည်နဲ့ရာသီဥတုနဲ့အထူးကိုက်ညီတာကတော့ ချည်ထည်တွေပါပဲ.. ဒါပေမယ့် ပြည်တွင်းချည်ထည်တွေကိုကြည့်မယ်ဆိုရင် အဆင့်အတန်းမီမီထုတ်နိုင်တာမရှိသလောက်ပါပဲ.. အဆင့်အတန်းမီရင်တောင် ပုံတွေက ပုံတုံးတွေပါ.. ပြည်ပထည်တွေကျတော့လည်း ဈေးက ချည်ထည်ဆိုခေါင်ခိုက်ကိုး.. ဟဲဟဲ.. ကချင်ချင်းတူတူမို့ ကြေညာပေးတာမဟုတ်ပါဘူး.. တကယ်ကောင်းလို့ပြောတာပါ.. မြန်မာပြည်မှာ ပထမဆုံး ချည်ထည်တွေကို ဒီဇိုင်းလှလှ သင့်တင်းတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ "Shayi" ဖက်ရှင်ဆိုင်ပါ.. website က www.shayi-fashion.com ပါရှင်.. Main Office နဲ့ showroom ကတော့ ယောမင်းကြီး Ward၊ န၀ဒေးလမ်းထဲမှာရှိပါတယ်.. ဒဂုန်စန်တာမှာ Branch Office ရှိပါသေးတယ်.. ပြည်ပက၀ယ်ယူချင်တယ်ဆိုလည်း ဆိုင်ကို တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်.. ဖုန်းနံပါတ်က +951 253910, 250177 ပါ.. ဈေးကလည်းမများပါဘူး.. အလွန်ဆုံးမှ ၅၀၀၀၀ ၀န်းကျင်သာရှိပါတယ် (ရင်ခံ၊ အပေါ်ထပ်၊ စကတ် အစုံလိုက်) ဂါဝန်တစ်ထည်ချင်း၊ clothes တစ်ထည်ချင်းကတော့ ၁သောင်းခွဲကနေ ၂သောင်းပတ်ဝန်းကျင်သာရှိပါတယ်.. အမြည်းကြည့်ဖို့ အောက်မှာ website ကဓာတ်ပုံအချို့ ကိုကူးယူဖော်ပြပေးလိုက်ပါတယ်.. :)
Tuesday, May 18, 2010
ဘ၀နေထိုင်မှုနှင့် ဖက်ရှင်အရေးပါပုံ
ယောကျာ်းကလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဘ၀မှာ Style & Fashion ဆိုတာ အရေးကြီးမယ်လို့တော့ လက်ခံကြမယ်ထင်ပါတယ်.. မြန်မာစကားပုံရှိပါတယ်.. "တောင်းမှာအကွတ်၊ လူမှာအ၀တ်" ပါတဲ့.. ဒါကြောင့် လူတစ်ယောက်မှာအ၀တ်အစားဟာ တော်တော်အရေးပါပါတယ်.. ဘယ်လောက်ပဲတော်တယ်၊ ဘယ်လောက်ပဲ ပညာတတ်တယ်၊ ချမ်းသာတယ်ဆိုပေမယ့် နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ ၀တ်ပုံစားပုံ အဆင်မပြေရင် ဘယ်သူမှ လေးစားမယ်၊ သဘောကျမယ်မဟုတ်ပါဘူး.. Fashion & Style ဆိုတဲ့နေရာမှာလည်း ၀တ်ပုံစားပုံဆန်းပြားတိုင်း စတိုင်ကျတာမဟုတ်ပါဘူး.. ၁၈ ရာစုခေတ်ကပုံတုံးဂါဝန်ကြီးပဲဖြစ်ဖြစ်.. ကိုယ်နဲ့လိုက်တယ် အဆင်ပြေတယ်.. လှပတယ်ဆိုရင် Fashion ကျတာပါပဲ.. ခုခေတ်နောက်ဆုံးပေါ် ဘယ်လောက်နာမည်ကြီးတဲ့ ဒီဇိုင်နာရဲ့ အကျီင်္ပဲဖြစ်ဖြစ် ကိုယ်နဲ့မလိုက်ရင်တော့ ဘယ်လိုမှကြည့်ရတာအဆင်ပြေမှာမဟုတ်ပါဘူး.. Fashion ကျတယ်ဆိုတဲ့နေရာမှာလည်း အ၀တ်အစားအဆင်ပြေရုံနဲ့တင်ပြီးသေးတာမဟုတ်ပါဘူး.. သွားပုံလာပုံ စကားပြောဆိုပုံကအစ အဆင်ပြေအချိုးကျပါမှသာ ဖက်ရှင်ကျတယ်လို့ဆိုနိုင်မှာပါ.. ဒါကြောင့် ဒီပို့စ်လေးမှာတော့ သျှင်သျှင်သဘောကျနှစ်ခြိုက်တဲ့ Fashion ပုံစံအချို့ သာမက Fashion tips များ၊ အချိုးကျလှပအောင် နေထိုင်နည်းများ၊ အ၀တ်အစားဆိုင်တွေနဲ့ အွန်လိုင်းဈေးဝယ်ရင် ဈေးသက်သာပြီး ပုံမိုက်တဲ့ website တွေပါတင်ပေးပါမယ်.. ယောကျာ်းလေးရော၊ မိန်းကလေးရောအတွက်ပေါ့.. :)
Labels:
Life And Style
ကားဝါသနာရှင်းများ အချင်းချင်း နှီးနှောဖလှယ်ရအောင်.. :)
ဒီ ပို့စ်တွေကိုရေးတဲ့အတွက် အနော်လည်း သိပ်သိတယ် တတ်တယ်လို့ မထင်ပါနဲ့.. အတူတူနဲ့ အနူနူပါပဲ.. ဒါပေမယ့် မိန်းကလေးမပီသစွာ Electronic materials တွေကိုတော့ အရမ်းဝါသနာပါပါတယ်.. ကားတို့၊ လက်ပ်တော့တို့၊ ဖုန်းတို့၊ Robots တို့ပေါ့.. ဒါကြောင့် ကားဝါသနာပါသူတွေအတွက် ဗဟုသုတလည်းရ အချင်းချင်းလည်း သိချင်တာလေးတွေမေးလို့ရအောင် ဒီပို့စ်လေးတွေကိုရေးမယ်စဉ်းစားတာပါ.. အားလုံးပဲ enjoy ဖြစ်မယ်လို့ မျှော်လင့်ပါတယ်.. :)
Monday, May 17, 2010
ရည်းစားထားခြင်း (ဖိနပ် defnition)
ရည်းစားထားတယ်ဆိုတာကို အမျိုးမျိုး definition ဖွင့်ကြတယ်နော်.. အဲထဲကမှ ဒီ definition ကိုတော့ မိုက်တယ်ထင်လို့ရှယ်လိုက်တာ
.. ဟဲဟဲ.. :P
ရည်းစားထားတယ်ဆိုတာ ဖိနပ်ရှာဝယ်ရသလိုပါပဲ.. ဖိနပ်ဝယ်တဲ့အခါ ကိုယ်နဲ့တော်ပြီး ကိုယ်ကြိုက်တာကို ရှာဝယ်ရပါတယ်.. တစ်ခါတစ်လေမှာ ဖိနပ်စတိုင်တွေပြောင်းသင့်ရ င် ဖိနပ်သစ်ကို ဆိုင်အနှံ့မှာ လျှောက်ရှာသင့်ပါတယ်.. တစ်ခါတစ်ရံမှာ စတိုင်မကြိုက်ပေမယ့် ၀တ်ရတာ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေ့မိသလို တစ်ခါတစ်ရံမှာလည်း စတိုင်ကို ဘယ်လောက်ပဲကြိုက်ကြိုက် သင်နဲ့မလိုက်သလို ဘယ်တော့မှ တော်နိုင်မှာမဟုတ်တဲ့ ဖိနပ်မျိုးကိုလည်း တွေ့မိမှာပါ.. ၀တ်ရတာလည်း သက်တောင့်သက်သာရှိ.. ဒီဇိုင်းလည်းမိုက် သင့်အကြိုက်ဆိုတဲ့ ဖိနပ်မျိုးကတော့ ရှာမှရှားပါပဲ..
မိုက်တယ်နော်.. အင်း.. ရှယ်သာရှယ်လိုက်ရတယ်.. သျှင်သျှင်တစ်ယောက်လည်း ဖိနပ်ဆိုင်တွေလှည့်ရင်း .. ဖိနပ်တွေတစ်ရံပြီး တစ်ရံစွပ်ကြည့်ရင်း.. :D
ရည်းစားထားတယ်ဆိုတာ ဖိနပ်ရှာဝယ်ရသလိုပါပဲ.. ဖိနပ်ဝယ်တဲ့အခါ ကိုယ်နဲ့တော်ပြီး ကိုယ်ကြိုက်တာကို ရှာဝယ်ရပါတယ်.. တစ်ခါတစ်လေမှာ ဖိနပ်စတိုင်တွေပြောင်းသင့်ရ
မိုက်တယ်နော်.. အင်း.. ရှယ်သာရှယ်လိုက်ရတယ်.. သျှင်သျှင်တစ်ယောက်လည်း ဖိနပ်ဆိုင်တွေလှည့်ရင်း .. ဖိနပ်တွေတစ်ရံပြီး တစ်ရံစွပ်ကြည့်ရင်း.. :D
Labels:
စိတ်ကူးအတွေးမျှင်များ
The Maiden Heist
ဒီဇာတ်ကားကတော့ ဒါရိုက်တာ Peter Hewitt ရဲ့ လက်ရာ comedy ဆန်ဆန်ဟာသပါပဲ.. အဓိကဇာတ်ဆောင်တွေကတော့ နာမည်ကြီး Morgan Freeman, Christopher Walken နဲ့ William H. Macy တို့ဖြစ်ပါတယ်.. တော်တော်လေးရီရတဲ့ ဇာတ်ကားတစ်ကားပါ..
ဇာတ်လမ်းအကျဉ်း - ပြတိုက်အစောင့် ၃ ယောက်ဖြစ်တဲ့ Roger, Charles နဲ့ George တို့ဟာ ပြတိုက်တစ်တိုက်မှာ အလုပ်လုပ်တဲ့ လုံခြုံရေးလုပ်သား (Security Guards) တွေဖြစ်ပါတယ်.. သူတို့ဟာ ဒီပြတိုက်မှာနှစ်ပေါင်းများစွာအလုပ်လုပ်ပြီးတဲ့နောက် သူတို့ရဲ့အကြိုက်ဆုံး အရာကိုယ်စီရှိလာပါတော့တယ်.. အဲဒါတွေကတော့ The Lonely Maiden ဆိုတဲ့ မိန်းမပျိုပန်းချီကားတစ်ချပ်၊ Garfield ရဲ့ ရှေးဦးဇာတ်ဆောင် ကြောင်တစ်ကောင်ပုံနဲ့ ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်လုံးတီး ကြေးသွန်းရုပ်ထုတစ်ခုတို့ဖြစ်ပါတယ်.. မကြာခင်မှာပဲ အဲဒီပြတိုက်ဟာ ဒိန်းမတ် (Denmark) ပြတိုက်ကို ပြတိုက်အလဲအလှယ်အစီအစဉ်နဲ့ ပစ္စည်းတွေအားလုံး ပြောင်းရွှေ့ဖို့စီစဉ်ပါတော့တယ်.. အဲဒီအချိန်မှာပဲ ဒီလက်ရာတွေကို အရမ်းသံယောဇဉ်တွယ်နေတဲ့ ဒီပြတိုက်လုပ်သား ၃ ယောက်ဟာ လက်ရာအစစ်တွေကို အတုတွေနဲ့ အစားထိုးဖို့ ကြိုးစားပါတော့တယ်..... ဘယ်လိုကမောက်ကမတွေဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်နော်.. :P
ကိုယ်ပိုင်အမြင် - ဇာတ်လမ်းကတော့ တစ်အားကြီးထွေထွေထူးထူးကြီးမဟုတ်ပါဘူး.. ဒါပေမယ့် ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းသရုပ်ဆောင်ပိုင်တာရယ်၊ ဇာတ်ကွက်ကလေးတွေက ကမောက်ကမနဲ့ရီရလွန်းတာရယ်ကတော့ ဇာတ်ကားတစ်ကားလုံးကို ပြီးတဲ့ထိ မထတမ်းကြည့်နိုင်အောင် ဆွဲဆောင်နိုင်ပါတယ်.. လူတစ်ယောက်ရဲ့ အရာတစ်ခုခုပေါ်မှာ စွဲလမ်းလွန်းပြီးဆိုရင် မရမနေနိုင်ဖြစ်တဲ့ သရုပ်လေးကို ဖော်ထားတာကလည်း သဘာဝကျလှပါတယ်.. ဒါကြောင့် ဟာသပညာပေး ဆန်ဆန်ဇာတ်လမ်းကောင်းကောင်းလေးတွေကိုမှ ကြည့်ချင်သူတွေကိုတော့ The Maiden Heist ကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းပါရစေနော်.. :)

English Movie Reviews
Fantastic Mr. Fox
Fantastic Mr. Fox ဆိုတဲ့ဇာတ်ကားကို 20th Century Fox ကရိုက်ကူးတာဖြစ်ပြီး တစ်နှစ်တာလုံးရဲ့ အကောင်းဆုံးမိသားစုဇာတ်ကား၊ Animated ဇာတ်ကားအဖြစ် ရည်ညွှန်းထားပါတယ်.. ကြည့်ကြည့်လိုက်တော့ မဆိုးပါဘူး.. တော်တော်လေးကို အနှစ်ရှိတယ်လို့ ပြောလို့ ရပါတယ်..
ဇာတ်လမ်းအကျဉ်း - မြေခွေးလင်မယား ၂ ယောက်ဟာ သူတို့ရဲ့ စားဝတ်နေရေးကို နီးနီးနားနား ယာသမားတွေဆီက ကြက်တွေခိုးခြင်းနဲ့ ဖြေရှင်းကြပါတယ်.. တစ်နေ့မှာ ယာသမားတစ်ယောက်ဆီ ကြက်ဝင်ခိုးရင်းနဲ့ အဖမ်းခံရပါတယ်.. အဲဒီမှာပဲ မြေခွေးမမှာ ကိုယ်ဝန်ရှိနေကြောင်းကိုလည်း မြေခွေးထီးကသိလိုက်ရပါတယ်.. သူတို့အဲဒီနေရာမှာ အဖမ်းခံရသော်လည်း လွတ်မြောက်သွားပါတယ်.. (ဘယ်လိုလွတ်တယ်ဆိုတာက မြှုပ်ကွက်လေးပေါ့နော်.. နောက်မှာပါပါတယ်) မြေခွေးထီးက မြေခွေးမကို ဘယ်တော့မှ ကြက်ထပ်မခိုးတော့ပါဘူးလို့ လှောင်အိမ်ထဲမှာ ကတိပေးခဲ့ပါတယ်.. ဒါပေမယ့် သူတို့သားလေး အရွယ်အနည်းငယ်ရောက်လာတဲ့အခါမှာ မစ္စတာမြေခွေးဟာ မြေကျင်းထဲမှာ နေရတဲ့ဘ၀ဟာ ဆင်းရဲတယ်လို့ ညည်းညူစပြုလာပါတယ်.. မကြာခင်မှာပဲ တောရိုင်းသတ္တ၀ါအားလုံးအတွက် တစ်နိုင်ငံလုံးမှာ အန္တရာယ်အများဆုံးလို့သတ်မှတ်ထားတဲ့ စိတ်ပျက်စရာအကောင်းဆုံး ယာပိုင်ရှင်သုံးယောက်ကို အပေါ်စီးကမြင်ရတဲ့ သစ်ပင်ကြီးကို မိသားစုလိုက်ပြောင်းရွှေ့ပါတော့တယ်.. ဒီ့နောက်မှာတော့ ဗီဇမဖြောက်နိုင်တဲ့ မစ္စတာမြေခွေးတစ်ယောက် ဒီယာသမား ၃ ယောက်ဆီက ကြက်တွေကို မာစတာ ပလန်တွေနဲ့ ခိုးတော့တာပါပဲ.. နောက်ပိုင်းမှာ ဒီယာသမား၃ယောက်နဲ့ ကိုကိုမြေခွေးတို့ ဘယ်လိုညဏ်ယှဉ်ကြတယ်ဆိုတာကတော့ ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှူပါလို့.. :)
ကိုယ်ပိုင်အမြင် - အနော့်အမြင်ကတော့ ဇာတ်ကားက အဓိက family based ပေါ့လေ.. အခက်အခဲတွေ တွေ့ကြုံတဲ့အခါမှာ မိသားစု ဘယ်လိုစည်းစည်းလုံးရင်ဆိုင်ဖြေရှင်းကြမယ်၊ သူငယ်ချင်းတွေရဲ့ ပါဝင်မှုအပိုင်း၊ သွေးစည်းညီညွတ်မှု၊ မိသားစုထဲမှာ မပြေလည်မှုတွေရှိပေမယ့်လည်း နောက်ဆုံးမှာ မိသားစုသာ အကောင်းဆုံးဖြစ်ကြောင်း.. တင်ပြပုံလေးကလည်း သင်း၊ animation ကလည်းရှယ်၊ ဒါ့ပြင် ဟာသလေးတွေနဲ့ ညဏ်ပြိုင်တာလေးတွေပါ ပါတဲ့အတွက် မိသားစုလိုက်ပဲကြည့်ကြည့် တစ်ယောက်ချင်းပဲကြည့်ကြည့် ချစ်သူတွေပဲကြည့်ကြည့် ဘယ်လိုကြည့်ကြည့် ကြည့်ပျော်တဲ့ဇာတ်ကားကောင်းလေးတစ်ခုလို့ ထင်ပါကြောင်း.. :)

အင်္ဂလိပ်ရုပ်ရှင် reviews များ
အနော်က ရုပ်ရှင်တော်တော်ကြည့်ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်က လွဲရင်ပေါ့။ စာတွေများတော့ အားတဲ့အချိန်လေးမှာ relax သဘောမျိုးကြည့်ဖြစ်တာလဲပါတယ်။ အဲဒါကြောင့် ဒီဘလော့ဂ်လေးကို လာဖတ်ကြတဲ့ လူအားလုံးကို English movies တွေကြည့်ဖြစ်ကြမယ်ဆိုရင် trailer လေးသဘောမျိုးနဲ့ အချိန်ကုန်သက်သာအောင် ရေးပေးတဲ့သဘောပါပဲ။ အနော်ကတော့ comedy, sience action, adventure နဲ့ cartoon တွေအကြည့်များလို့ အဲဒီလို ရုပ်ရှင် review တွေကတော့ နည်းနည်းပိုများမယ်ထင်တယ်။ အားလုံး ပျော်ရွှင်ကြပါစေ။ :)
Labels:
English Movie Reviews