Monday, May 17, 2010

Fantastic Mr. Fox

Fantastic Mr. Fox ဆိုတဲ့ဇာတ်ကားကို 20th Century Fox ကရိုက်ကူးတာဖြစ်ပြီး တစ်နှစ်တာလုံးရဲ့ အကောင်းဆုံးမိသားစုဇာတ်ကား၊ Animated ဇာတ်ကားအဖြစ် ရည်ညွှန်းထားပါတယ်.. ကြည့်ကြည့်လိုက်တော့ မဆိုးပါဘူး.. တော်တော်လေးကို အနှစ်ရှိတယ်လို့ ပြောလို့ ရပါတယ်..

ဇာတ်လမ်းအကျဉ်း - မြေခွေးလင်မယား ၂ ယောက်ဟာ သူတို့ရဲ့ စားဝတ်နေရေးကို နီးနီးနားနား ယာသမားတွေဆီက ကြက်တွေခိုးခြင်းနဲ့ ဖြေရှင်းကြပါတယ်.. တစ်နေ့မှာ ယာသမားတစ်ယောက်ဆီ ကြက်ဝင်ခိုးရင်းနဲ့ အဖမ်းခံရပါတယ်.. အဲဒီမှာပဲ မြေခွေးမမှာ ကိုယ်ဝန်ရှိနေကြောင်းကိုလည်း မြေခွေးထီးကသိလိုက်ရပါတယ်.. သူတို့အဲဒီနေရာမှာ အဖမ်းခံရသော်လည်း လွတ်မြောက်သွားပါတယ်.. (ဘယ်လိုလွတ်တယ်ဆိုတာက မြှုပ်ကွက်လေးပေါ့နော်.. နောက်မှာပါပါတယ်) မြေခွေးထီးက မြေခွေးမကို ဘယ်တော့မှ ကြက်ထပ်မခိုးတော့ပါဘူးလို့ လှောင်အိမ်ထဲမှာ ကတိပေးခဲ့ပါတယ်.. ဒါပေမယ့် သူတို့သားလေး အရွယ်အနည်းငယ်ရောက်လာတဲ့အခါမှာ မစ္စတာမြေခွေးဟာ မြေကျင်းထဲမှာ နေရတဲ့ဘ၀ဟာ ဆင်းရဲတယ်လို့ ညည်းညူစပြုလာပါတယ်.. မကြာခင်မှာပဲ တောရိုင်းသတ္တ၀ါအားလုံးအတွက် တစ်နိုင်ငံလုံးမှာ အန္တရာယ်အများဆုံးလို့သတ်မှတ်ထားတဲ့ စိတ်ပျက်စရာအကောင်းဆုံး ယာပိုင်ရှင်သုံးယောက်ကို အပေါ်စီးကမြင်ရတဲ့ သစ်ပင်ကြီးကို မိသားစုလိုက်ပြောင်းရွှေ့ပါတော့တယ်.. ဒီ့နောက်မှာတော့ ဗီဇမဖြောက်နိုင်တဲ့ မစ္စတာမြေခွေးတစ်ယောက် ဒီယာသမား ၃ ယောက်ဆီက ကြက်တွေကို မာစတာ ပလန်တွေနဲ့ ခိုးတော့တာပါပဲ.. နောက်ပိုင်းမှာ ဒီယာသမား၃ယောက်နဲ့ ကိုကိုမြေခွေးတို့ ဘယ်လိုညဏ်ယှဉ်ကြတယ်ဆိုတာကတော့ ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှူပါလို့.. :)



ကိုယ်ပိုင်အမြင် - အနော့်အမြင်ကတော့ ဇာတ်ကားက အဓိက family based ပေါ့လေ.. အခက်အခဲတွေ တွေ့ကြုံတဲ့အခါမှာ မိသားစု ဘယ်လိုစည်းစည်းလုံးရင်ဆိုင်ဖြေရှင်းကြမယ်၊ သူငယ်ချင်းတွေရဲ့ ပါဝင်မှုအပိုင်း၊ သွေးစည်းညီညွတ်မှု၊ မိသားစုထဲမှာ မပြေလည်မှုတွေရှိပေမယ့်လည်း နောက်ဆုံးမှာ မိသားစုသာ အကောင်းဆုံးဖြစ်ကြောင်း.. တင်ပြပုံလေးကလည်း သင်း၊ animation ကလည်းရှယ်၊ ဒါ့ပြင် ဟာသလေးတွေနဲ့ ညဏ်ပြိုင်တာလေးတွေပါ ပါတဲ့အတွက် မိသားစုလိုက်ပဲကြည့်ကြည့် တစ်ယောက်ချင်းပဲကြည့်ကြည့် ချစ်သူတွေပဲကြည့်ကြည့် ဘယ်လိုကြည့်ကြည့် ကြည့်ပျော်တဲ့ဇာတ်ကားကောင်းလေးတစ်ခုလို့ ထင်ပါကြောင်း.. :) 

1 comment:

သွယ်လင်းဆက် said...

အင်း။ ဒီကားတွေလေးကတော့ကြည့်ပြီးပြီ။ မဆိုးဘူး။ Nominaton ဝင်တာချင်းအတူတူဆိုရင်တော့ Coraline ကိုပိုကြိုက်တယ်။ ဒါပေမဲ့ သူလည်း Oscar nomination ဝင်ပေမဲ့ Up လိုဇါတ်ကိုမျိုးနဲ့ကျတော့ သူကျန်ခဲ့တယ်။ ဒီနှစ်က Animation ဇါတ်ကားကောင်း က လက်ငါးချောင်းမပြည့်ဘူး။ မနှစ်ကလို ဆိုရင်တော့ ဒီကား Nomination တောင် ဝင်ပါ့မလားမသိဘူး။ Roald Dahl ရဲ့ ဝတ္ထုရှည်နဲ့ Short Story တွေကို ၂၀၀၀ နောက်ပိုင်းပြန်ရိုက်တဲ့အထဲမှာတော့ Charlie and the Chocolate Factory က ဝင်ငွေတော်တော်ကောင်းသွားတယ်။ ကြည့်လို့လည်းကောင်းတယ်။ သူစာအုပ်တွေကို နောက်ပိုင်း Effect ကောင်းကောင်းတွေနဲ့ပြန်ရိုက်ရင် တော်တော်လူကြိုက်များမယ်ထင်တာပဲ။ The Witches နဲ့ The Twits တို့တော့ ၂၀၁၁ ၂၀၁၂ မှာရိုက်မယ်လို့တော့ ကြေငြာထားတယ်။ ကြည့်ချင်တယ်။ သူ့စာအုပ်တွေဖတ်ချင်ရင် တော်တော်များများ E-book စုထားတာတော့ရှိတယ်။ ကလေးကြိုက်လို့ပြောလည်း ခံရမှာပဲ။ :)

ဇါတ်ကားတွေအကြောင်း များများရေးနိုင်ပါစေ။

Post a Comment