ဒီဇာတ်ကားကတော့ ဒါရိုက်တာ Peter Hewitt ရဲ့ လက်ရာ comedy ဆန်ဆန်ဟာသပါပဲ.. အဓိကဇာတ်ဆောင်တွေကတော့ နာမည်ကြီး Morgan Freeman, Christopher Walken နဲ့ William H. Macy တို့ဖြစ်ပါတယ်.. တော်တော်လေးရီရတဲ့ ဇာတ်ကားတစ်ကားပါ..
ဇာတ်လမ်းအကျဉ်း - ပြတိုက်အစောင့် ၃ ယောက်ဖြစ်တဲ့ Roger, Charles နဲ့ George တို့ဟာ ပြတိုက်တစ်တိုက်မှာ အလုပ်လုပ်တဲ့ လုံခြုံရေးလုပ်သား (Security Guards) တွေဖြစ်ပါတယ်.. သူတို့ဟာ ဒီပြတိုက်မှာနှစ်ပေါင်းများစွာအလုပ်လုပ်ပြီးတဲ့နောက် သူတို့ရဲ့အကြိုက်ဆုံး အရာကိုယ်စီရှိလာပါတော့တယ်.. အဲဒါတွေကတော့ The Lonely Maiden ဆိုတဲ့ မိန်းမပျိုပန်းချီကားတစ်ချပ်၊ Garfield ရဲ့ ရှေးဦးဇာတ်ဆောင် ကြောင်တစ်ကောင်ပုံနဲ့ ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်လုံးတီး ကြေးသွန်းရုပ်ထုတစ်ခုတို့ဖြစ်ပါတယ်.. မကြာခင်မှာပဲ အဲဒီပြတိုက်ဟာ ဒိန်းမတ် (Denmark) ပြတိုက်ကို ပြတိုက်အလဲအလှယ်အစီအစဉ်နဲ့ ပစ္စည်းတွေအားလုံး ပြောင်းရွှေ့ဖို့စီစဉ်ပါတော့တယ်.. အဲဒီအချိန်မှာပဲ ဒီလက်ရာတွေကို အရမ်းသံယောဇဉ်တွယ်နေတဲ့ ဒီပြတိုက်လုပ်သား ၃ ယောက်ဟာ လက်ရာအစစ်တွေကို အတုတွေနဲ့ အစားထိုးဖို့ ကြိုးစားပါတော့တယ်..... ဘယ်လိုကမောက်ကမတွေဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်နော်.. :P
ကိုယ်ပိုင်အမြင် - ဇာတ်လမ်းကတော့ တစ်အားကြီးထွေထွေထူးထူးကြီးမဟုတ်ပါဘူး.. ဒါပေမယ့် ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းသရုပ်ဆောင်ပိုင်တာရယ်၊ ဇာတ်ကွက်ကလေးတွေက ကမောက်ကမနဲ့ရီရလွန်းတာရယ်ကတော့ ဇာတ်ကားတစ်ကားလုံးကို ပြီးတဲ့ထိ မထတမ်းကြည့်နိုင်အောင် ဆွဲဆောင်နိုင်ပါတယ်.. လူတစ်ယောက်ရဲ့ အရာတစ်ခုခုပေါ်မှာ စွဲလမ်းလွန်းပြီးဆိုရင် မရမနေနိုင်ဖြစ်တဲ့ သရုပ်လေးကို ဖော်ထားတာကလည်း သဘာဝကျလှပါတယ်.. ဒါကြောင့် ဟာသပညာပေး ဆန်ဆန်ဇာတ်လမ်းကောင်းကောင်းလေးတွေကိုမှ ကြည့်ချင်သူတွေကိုတော့ The Maiden Heist ကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းပါရစေနော်.. :)
1 comment:
ဒေါင်းလုပ်ချမယ်ဆိုပြီး မချဖြစ်သေးဘူး။ ကြည်လိုက်ဦးမယ်။ ဇါတ်လမ်းက သူများနဲ့ခွဲထွက်နေတယ်။ ကောင်းမယ်ထင်ပါတယ်။ ကျေးဇူး။ :)
Post a Comment