Tuesday, May 18, 2010
ဘ၀နေထိုင်မှုနှင့် ဖက်ရှင်အရေးပါပုံ
ယောကျာ်းကလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဘ၀မှာ Style & Fashion ဆိုတာ အရေးကြီးမယ်လို့တော့ လက်ခံကြမယ်ထင်ပါတယ်.. မြန်မာစကားပုံရှိပါတယ်.. "တောင်းမှာအကွတ်၊ လူမှာအ၀တ်" ပါတဲ့.. ဒါကြောင့် လူတစ်ယောက်မှာအ၀တ်အစားဟာ တော်တော်အရေးပါပါတယ်.. ဘယ်လောက်ပဲတော်တယ်၊ ဘယ်လောက်ပဲ ပညာတတ်တယ်၊ ချမ်းသာတယ်ဆိုပေမယ့် နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ ၀တ်ပုံစားပုံ အဆင်မပြေရင် ဘယ်သူမှ လေးစားမယ်၊ သဘောကျမယ်မဟုတ်ပါဘူး.. Fashion & Style ဆိုတဲ့နေရာမှာလည်း ၀တ်ပုံစားပုံဆန်းပြားတိုင်း စတိုင်ကျတာမဟုတ်ပါဘူး.. ၁၈ ရာစုခေတ်ကပုံတုံးဂါဝန်ကြီးပဲဖြစ်ဖြစ်.. ကိုယ်နဲ့လိုက်တယ် အဆင်ပြေတယ်.. လှပတယ်ဆိုရင် Fashion ကျတာပါပဲ.. ခုခေတ်နောက်ဆုံးပေါ် ဘယ်လောက်နာမည်ကြီးတဲ့ ဒီဇိုင်နာရဲ့ အကျီင်္ပဲဖြစ်ဖြစ် ကိုယ်နဲ့မလိုက်ရင်တော့ ဘယ်လိုမှကြည့်ရတာအဆင်ပြေမှာမဟုတ်ပါဘူး.. Fashion ကျတယ်ဆိုတဲ့နေရာမှာလည်း အ၀တ်အစားအဆင်ပြေရုံနဲ့တင်ပြီးသေးတာမဟုတ်ပါဘူး.. သွားပုံလာပုံ စကားပြောဆိုပုံကအစ အဆင်ပြေအချိုးကျပါမှသာ ဖက်ရှင်ကျတယ်လို့ဆိုနိုင်မှာပါ.. ဒါကြောင့် ဒီပို့စ်လေးမှာတော့ သျှင်သျှင်သဘောကျနှစ်ခြိုက်တဲ့ Fashion ပုံစံအချို့ သာမက Fashion tips များ၊ အချိုးကျလှပအောင် နေထိုင်နည်းများ၊ အ၀တ်အစားဆိုင်တွေနဲ့ အွန်လိုင်းဈေးဝယ်ရင် ဈေးသက်သာပြီး ပုံမိုက်တဲ့ website တွေပါတင်ပေးပါမယ်.. ယောကျာ်းလေးရော၊ မိန်းကလေးရောအတွက်ပေါ့.. :)
Labels:
Life And Style
No comments:
Post a Comment