ကျောက်ဖရုံသီးကိုတော့ တော်တော်များများမြင်ဖူးကြမယ်ထင်တယ်.. ကျောက်ဖရုံသီးကို တော်ရုံလူစားခဲပါတယ်.. အညာကလူတွေကလွဲလို့ပေါ့.. ဒါပေမယ့် ကျောက်ဖရုံသီးရဲ့ ဆေးဘက်ဝင်ပုံတွေကတော့ အများကြီးပါ.. ဒါ့ကြောင့် ကျောက်ဖရုံသီးရဲ့ အကြောင်းကို post တင်ပြီးရေးလိုက်တာပါ..
ကျောက်ဖရုံသီးရဲ့ အဓိက အချက်ကတော့ အပုပ်နံ့ (အနံ့ဆိုး.. ) တွေကိုစုပ်နိုင်တာပါပဲ.. ဒါကြောင့် အသုဘအိမ်တော်တော်များများတွေမှာ အလောင်းရဲ့ ခေါင်းရင်းမှာ ကျောက်ဖရုံသီးကိုထားကြတာပါ.. ဒါကြောင့် ကျောက်ဖရုံသီးဟာ ပျိုမေတို့အတွက်အလွန်ကိုအသုံးဝင်ပါတယ်... ချိုင်းချွေးနံ့နံတတ်တဲ့ မိန်းကလေးများ၊ ယောကျာ်းလေးများ ကျောက်ဖရုံသီးကို ညက်ညက်ထောင်းပြီး ချိုင်းကို နာရီဝက်လောက် အုပ်ထားပေးပါ.. တစ်လလောက်ကြာရင် အရှင်းပျောက်ပါတယ်.. ပြီးတော့ ဓမ္မတာလာတဲ့အချိန်မှာ အနံ့ထွက်တတ်တဲ့မိန်းမပျိုတွေလည်း ညဘက်အိမ်ခါနီး ကျောက်ဖရုံသီးကို ဗိုက်သားတစ်ဝိုက်နဲ့ အင်္ဂါစပ်တစ်ဝိုက်မှာ သုတ်လိမ်းပြီးအိပ်ပါ.. တစ်နေကုန်အနံ့မထွက်ပါဘူး.. ပြီးတော့ ကျောက်ဖရုံသီးဟာ ၀မ်းတွင်းအပူအပုပ်လည်းကင်းပြီး အသားအရေကိုလှပစေပါတယ်.. ချက်စားသင့်ပါတယ်.. ကျောက်ဖရုံသီးနဲ့ ဟင်းလျာတွဲချက်နည်းကို နောက်မှ အချက်အပြုတ် section မှာတင်ပေးပါမယ်.. ပြီးတော့ ကျောက်ဖရုံသီးဟာ ဆီးရောဂါကိုအင်မတန်နိုင်ပါတယ်.. ကျောက်ဖရုံသီးထိပ်ဝကိုဖြတ်၊ အတွင်းကအနှစ်သားတွေကိုဓါးနဲ့ခြစ်ထုတ်၊ ပြီးရင် ကျောက်ဖရုံသီးအပြည့် သကြားကိုခပ်မွမွသိပ်၊ ထိပ်ဝအဖုံးကို ပြန်ပိတ် ကြိုးနဲ့စည်းပြီး ပလတ်စတစ်အိပ်နဲ့ပတ်၍ အိမ်တစ်နေရာရာမှာ ၁၀ ရက်ခန့်ချိတ်ထားပါ.. ပြီးမှ ဖွင့်ကြည့်လိုက်ရင် အထဲမှာချိုလေးလေးနဲ့ ဘီယာလိုဖြစ်နေတာတွေ့ပါလိမ့်မယ်.. (မှတ်ချက်။ ။ အနည်းငယ်အလေးကြိုက်သူများ ဆားလက်ဖက်ဇွန်း ၂ ဇွန်းခန့်ထည့်နိုင်ပါတယ်) အဲဒီအရည်ကို သောက်ရင် ကျောက်တွေကြေကြေပြီးကိုကျပါတယ်.. ဆီးကျောက်တည်တာလောက်ကတော့ ကျောက်ဖရုံသီးခပ်လတ်လတ် ၂ လုံးအပြင်ပိုမသောက်ရပါဘူး.. ကျောက်ကြေကျပါတယ်.. ကျောက်ရောဂါမရှိလည်း စွဲသောက်သူတွေက ကျောက်ရောဂါမဖြစ်နိုင်ပါဘူး.. (ဒါကတော့ ကိုယ်တွေ့ပါ.. သျှင်သျှင့်အဖိုးက ဆီးကျောက်ခဏခဏတည်ပါတယ်.. ကျောက်ဖရုံသီးအရည်ကို အဲလိုစွဲသောက်ပြီးနောက်ပိုင်း လုံးဝ ကျောက်မတည်တော့ပါဘူး.. ) နောက်ပြီး ကျောက်ဖရုံသီးကို ညက်ညက်ထောင်း၊ အရည်ညှစ်ပြီး အုန်းဆီစစ်စစ်နဲ့ လိမ်းပေးရင် ဆံပင်သန်ပါတယ်.. ကဲ.. ဒီလောက်ဆိုရင်တော့ ကျောက်ဖရုံသီးရဲ့ ဆေးဘက်ဝင်ပုံလေးတွေကို တစ်ခန်းရပ်လိုက်ဦးမယ်နော်.. :)
Saturday, April 3, 2010
သစ္စာရှိသောဇနီး
တစ်ခါက ဗိုလ်ချုပ်တစ်ယောက်တွင် အတော်လှပသော ဇနီးတစ်ယောက်ရှိသည်။ ထိုဗိုလ်ချုပ်ကလည်း သူ့ဇနီးအား အလွန်ပင်ချစ်သည်။ တစ်နေ့သူ့မိန်းမဆီသို့ ရုံးဆင်းအိမ်ပြန်လာချိန်တွင် မိန်းမအား အိပ်ရာပေါ်တွင် လင်ငယ်နှင့်အတူတွေ့လိုက်သည်။ ဗိုလ်ချုပ်လည်း အလွန်ဒေါသထွက်သွားပြီး ထိုကောင်အား အိပ်ရာပေါ်မှာ ဆွဲချကာ အိမ်ရှေ့သို့ခေါ်သွားသည်။ လမ်းမပေါ်တွင် ၂ ယောက်သား အကြီးအကျယ်ရန်ဖြစ်နေကြသည်။ ထို့နောက်သဘောတူညီမှုတစ်ခုလုပ်လိုက်ကြသည်။ မိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ဖောက်မည်။ ထို့နောက် ၂ ယောက်လုံးသေချင်ယောင်ဆောင်ကြမည်။ ထိုမိန်းမကလာထူသောသူက ထိုမိန်းမကိုယူကြေး... သေနတ်တစ်ချက်ပစ်ဖောက်လိုက်သည်။ ၂ ယောက်လုံးသေချင်ယောင်ဆောင်လိုက်ကြသည်။ ထို့နောက် ထိုမိန်းမက အိမ်ရှေ့တံခါးမှထွက်ကြည့်ကာ ထပ်ခိုးပေါ်သို့ လှမ်းပြောလိုက်သည်။ မောင်ရေ မောင်ရေ.. ဆင်းခဲ့တော့.. ဟို ၂ ယောက်လုံးသေပြီ.. :P
Labels:
တိုတိုထွာထွာဟာသကလေးများ
ရယ်မောခြင်းဖြင့် ဘ၀အမောတွေဖြေကြပါစို့..
ဒီအပိုင်းမှာတော့ သိသမျှ၊ ကြားဖူးသမျှ၊ ဖတ်ဖူးသမျှထဲက ကောင်းမယ်ထင်တဲ့ ဟာသလေးတွေတင်ပေးပါမယ်။ အမှန်အတိုင်းပြောရရင် အနော်ကတော့ ခါးအောက်ပိုင်းဟာသတွေက ပိုရီရတယ်လို့ ထင်ပါတယ်.. ဒါပေမယ့် သိပ်ရိုင်းတယ်ထင်တဲ့ဟာတွေတော့မတင်ပါဘူး.. ဘာပဲပြောပြော ပျော်ပျော်ရွှင်ရွှင် ဒီ section လေးမှာရီလိုက်ကြရအောင်နော်.. :)
Labels:
တိုတိုထွာထွာဟာသကလေးများ
ငါးနီတူအချိုကြော်
မြန်မာလူမျိုးမှန်ရင်ပေါ့လေ.. ထမင်းစားပြီးရင် အချိုတည်းရတာကို ဘယ်လိုဝါသနာပါမှန်းမသိကြပါဘူး.. တစ်ချို့ကလက်ဖက်နဲ့ ရေနွေးကြမ်းလေး၊ ထန်းလျက်၊ မုန့်ကြွပ်.. အစုံပါပဲ.. ဒါပေမယ့် ဒီဟာကတော့ ငါးနီတူကို သကြားနဲ့အချိုကြော်တဲ့ ဈေးလဲသက်သာ.. စားလို့လည်းကောင်း... (ကြိုက်တတ်ရင် ထမင်းနဲ့တောင်စားလို့ရပါတယ်.. ) တဲ့အတွက် တင်ပြပေးလိုက်တာဖြစ်ပါတယ်..
ငါးနီတူ ၁၅ ကျပ်သား (သို့) ကိုယ်စားလိုသလောက်၊ သကြားအနည်းငယ်၊ ဆားအနည်းငယ် နဲ့ နှမ်းအချို့သာလိုပါတယ်..
နည်းကတော့ ဘာမှထွေထွေထူးထူးရယ်မဟုတ်ပါဘူး.. ပထမဆုံး ငါးနီတူကို ကိုင်ပါ.. ရေစင်စင်သန့်အောင်ဆေးပြီး နာရီဝက်ခန့်စိမ်ထားပါ.. စိမ်တဲ့အခါမှာ လျှာလကာရည် (Vinegar) အနည်းငယ်ထည့်စိမ်ပါ.. (ဟင်းချက်တာမဟုတ်ပဲ အချိုတည်းဖို့ကြော်တာဖြစ်တဲ့အတွက် အနံ့အသက်ပျောက်ဖို့ အလွန်အရေးကြီးပါတယ်).. နာရီဝက်လောက် လျှာလကာရည်နဲ့စိမ်ပြီးရင် ရေစင်စင်ဆေးပြီး ရေအသန့်နဲ့ ၁၀ မိနစ်ခန့်ပြန်စိမ်ပါ.. ဒီနောက် ငါးကို ဆား၊ အချိုမှုန့် (သုံးတတ်ရင်ပေါ့လေ.. ) ပဲငံပြာရည် လက်ဖက်စားဇွန်းတစ်ဝက်ခန့် (အတော်နည်းနည်း) ထည့်ပြီး သမအောင်မွှေပြီး မီးအေးအေးမှာ ရွနေအောင်ကြော်ပါ.. မကြွပ်လာခင်.. ကိုယ်နှစ်သက်သလောက် သကြားပမာဏ ထည့်ပါ.. ကြွပ်ရွလာတဲ့အခါမှာတော့ ရေနွေးပူပူလေးနဲ့ မြိန်ရှက်စွာ အချိုတည်းနိုင်တဲ့ ငါးနီတူအချိုကြော်ရပါပြီ..
မှတ်ချက်။ ။ ငါးအသေးအမျိုးအစားထဲက ငါးနီတူကဲ့သို့ အနံ့အသက်ကင်းပြီး သန့်သောငါး မည်သည့်ငါးမဆို ဒီလိုကြော်စားလို့ရပါတယ်.. :)

အချက်အပြုတ်
အိမ်တွင်းဖြစ်အားကစား (Gym သွားခြင်းရဲ့ အကျိုးအပြစ်)
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့.. မြန်မာတွေအဆိုမှာရှိပါတယ်.. မှန်ပါတယ်.. လူကျန်းမှာမှ စိတ်ချမ်းသာမှာပါ.. အနောက်နိုင်ငံအဆိုတွေမှာလဲရှိပါ
Labels:
အထွေထွေဗဟုသုတ