Saturday, April 3, 2010

ကျောက်ဖရုံသီးရဲ့အစွမ်း

ကျောက်ဖရုံသီးကိုတော့ တော်တော်များများမြင်ဖူးကြမယ်ထင်တယ်.. ကျောက်ဖရုံသီးကို တော်ရုံလူစားခဲပါတယ်.. အညာကလူတွေကလွဲလို့ပေါ့.. ဒါပေမယ့် ကျောက်ဖရုံသီးရဲ့ ဆေးဘက်ဝင်ပုံတွေကတော့ အများကြီးပါ.. ဒါ့ကြောင့် ကျောက်ဖရုံသီးရဲ့ အကြောင်းကို post တင်ပြီးရေးလိုက်တာပါ..

ကျောက်ဖရုံသီးရဲ့ အဓိက အချက်ကတော့ အပုပ်နံ့ (အနံ့ဆိုး.. ) တွေကိုစုပ်နိုင်တာပါပဲ.. ဒါကြောင့် အသုဘအိမ်တော်တော်များများတွေမှာ အလောင်းရဲ့ ခေါင်းရင်းမှာ ကျောက်ဖရုံသီးကိုထားကြတာပါ.. ဒါကြောင့် ကျောက်ဖရုံသီးဟာ ပျိုမေတို့အတွက်အလွန်ကိုအသုံးဝင်ပါတယ်... ချိုင်းချွေးနံ့နံတတ်တဲ့ မိန်းကလေးများ၊ ယောကျာ်းလေးများ ကျောက်ဖရုံသီးကို ညက်ညက်ထောင်းပြီး ချိုင်းကို နာရီဝက်လောက် အုပ်ထားပေးပါ.. တစ်လလောက်ကြာရင် အရှင်းပျောက်ပါတယ်.. ပြီးတော့ ဓမ္မတာလာတဲ့အချိန်မှာ အနံ့ထွက်တတ်တဲ့မိန်းမပျိုတွေလည်း ညဘက်အိမ်ခါနီး ကျောက်ဖရုံသီးကို ဗိုက်သားတစ်ဝိုက်နဲ့ အင်္ဂါစပ်တစ်ဝိုက်မှာ သုတ်လိမ်းပြီးအိပ်ပါ.. တစ်နေကုန်အနံ့မထွက်ပါဘူး.. ပြီးတော့ ကျောက်ဖရုံသီးဟာ ၀မ်းတွင်းအပူအပုပ်လည်းကင်းပြီး အသားအရေကိုလှပစေပါတယ်.. ချက်စားသင့်ပါတယ်.. ကျောက်ဖရုံသီးနဲ့ ဟင်းလျာတွဲချက်နည်းကို နောက်မှ အချက်အပြုတ် section မှာတင်ပေးပါမယ်.. ပြီးတော့ ကျောက်ဖရုံသီးဟာ ဆီးရောဂါကိုအင်မတန်နိုင်ပါတယ်.. ကျောက်ဖရုံသီးထိပ်ဝကိုဖြတ်၊ အတွင်းကအနှစ်သားတွေကိုဓါးနဲ့ခြစ်ထုတ်၊ ပြီးရင် ကျောက်ဖရုံသီးအပြည့် သကြားကိုခပ်မွမွသိပ်၊ ထိပ်ဝအဖုံးကို ပြန်ပိတ် ကြိုးနဲ့စည်းပြီး ပလတ်စတစ်အိပ်နဲ့ပတ်၍ အိမ်တစ်နေရာရာမှာ ၁၀ ရက်ခန့်ချိတ်ထားပါ.. ပြီးမှ ဖွင့်ကြည့်လိုက်ရင် အထဲမှာချိုလေးလေးနဲ့ ဘီယာလိုဖြစ်နေတာတွေ့ပါလိမ့်မယ်.. (မှတ်ချက်။  ။ အနည်းငယ်အလေးကြိုက်သူများ ဆားလက်ဖက်ဇွန်း ၂ ဇွန်းခန့်ထည့်နိုင်ပါတယ်) အဲဒီအရည်ကို သောက်ရင် ကျောက်တွေကြေကြေပြီးကိုကျပါတယ်.. ဆီးကျောက်တည်တာလောက်ကတော့ ကျောက်ဖရုံသီးခပ်လတ်လတ် ၂ လုံးအပြင်ပိုမသောက်ရပါဘူး.. ကျောက်ကြေကျပါတယ်.. ကျောက်ရောဂါမရှိလည်း စွဲသောက်သူတွေက ကျောက်ရောဂါမဖြစ်နိုင်ပါဘူး.. (ဒါကတော့ ကိုယ်တွေ့ပါ.. သျှင်သျှင့်အဖိုးက ဆီးကျောက်ခဏခဏတည်ပါတယ်.. ကျောက်ဖရုံသီးအရည်ကို အဲလိုစွဲသောက်ပြီးနောက်ပိုင်း လုံးဝ ကျောက်မတည်တော့ပါဘူး.. ) နောက်ပြီး ကျောက်ဖရုံသီးကို ညက်ညက်ထောင်း၊ အရည်ညှစ်ပြီး အုန်းဆီစစ်စစ်နဲ့ လိမ်းပေးရင် ဆံပင်သန်ပါတယ်.. ကဲ.. ဒီလောက်ဆိုရင်တော့ ကျောက်ဖရုံသီးရဲ့ ဆေးဘက်ဝင်ပုံလေးတွေကို တစ်ခန်းရပ်လိုက်ဦးမယ်နော်.. :)

No comments:

Post a Comment