Saturday, April 3, 2010

ငါးနီတူအချိုကြော်

မြန်မာလူမျိုးမှန်ရင်ပေါ့လေ.. ထမင်းစားပြီးရင် အချိုတည်းရတာကို ဘယ်လိုဝါသနာပါမှန်းမသိကြပါဘူး.. တစ်ချို့ကလက်ဖက်နဲ့ ရေနွေးကြမ်းလေး၊ ထန်းလျက်၊ မုန့်ကြွပ်.. အစုံပါပဲ.. ဒါပေမယ့် ဒီဟာကတော့ ငါးနီတူကို သကြားနဲ့အချိုကြော်တဲ့ ဈေးလဲသက်သာ.. စားလို့လည်းကောင်း... (ကြိုက်တတ်ရင် ထမင်းနဲ့တောင်စားလို့ရပါတယ်.. ) တဲ့အတွက် တင်ပြပေးလိုက်တာဖြစ်ပါတယ်..

ငါးနီတူ ၁၅ ကျပ်သား (သို့) ကိုယ်စားလိုသလောက်၊ သကြားအနည်းငယ်၊ ဆားအနည်းငယ် နဲ့ နှမ်းအချို့သာလိုပါတယ်..

နည်းကတော့ ဘာမှထွေထွေထူးထူးရယ်မဟုတ်ပါဘူး.. ပထမဆုံး ငါးနီတူကို ကိုင်ပါ.. ရေစင်စင်သန့်အောင်ဆေးပြီး နာရီဝက်ခန့်စိမ်ထားပါ.. စိမ်တဲ့အခါမှာ လျှာလကာရည် (Vinegar) အနည်းငယ်ထည့်စိမ်ပါ.. (ဟင်းချက်တာမဟုတ်ပဲ အချိုတည်းဖို့ကြော်တာဖြစ်တဲ့အတွက် အနံ့အသက်ပျောက်ဖို့ အလွန်အရေးကြီးပါတယ်).. နာရီဝက်လောက် လျှာလကာရည်နဲ့စိမ်ပြီးရင် ရေစင်စင်ဆေးပြီး ရေအသန့်နဲ့ ၁၀ မိနစ်ခန့်ပြန်စိမ်ပါ.. ဒီနောက် ငါးကို ဆား၊ အချိုမှုန့် (သုံးတတ်ရင်ပေါ့လေ.. ) ပဲငံပြာရည် လက်ဖက်စားဇွန်းတစ်ဝက်ခန့် (အတော်နည်းနည်း) ထည့်ပြီး သမအောင်မွှေပြီး မီးအေးအေးမှာ ရွနေအောင်ကြော်ပါ.. မကြွပ်လာခင်.. ကိုယ်နှစ်သက်သလောက် သကြားပမာဏ ထည့်ပါ.. ကြွပ်ရွလာတဲ့အခါမှာတော့ ရေနွေးပူပူလေးနဲ့ မြိန်ရှက်စွာ အချိုတည်းနိုင်တဲ့ ငါးနီတူအချိုကြော်ရပါပြီ..

မှတ်ချက်။   ။ ငါးအသေးအမျိုးအစားထဲက ငါးနီတူကဲ့သို့ အနံ့အသက်ကင်းပြီး သန့်သောငါး မည်သည့်ငါးမဆို ဒီလိုကြော်စားလို့ရပါတယ်.. :)

No comments:

Post a Comment