Saturday, April 3, 2010

အိမ်တွင်းဖြစ်အားကစား (Gym သွားခြင်းရဲ့ အကျိုးအပြစ်)



 ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့.. မြန်မာတွေအဆိုမှာရှိပါတယ်.. မှန်ပါတယ်.. လူကျန်းမှာမှ စိတ်ချမ်းသာမှာပါ.. အနောက်နိုင်ငံအဆိုတွေမှာလဲရှိပါတယ်နော်.. "From Healthy To Wealthy" တဲ့.. ဒါကြောင့် အခုနောက်ပိုင်း စာစောင်တော်တော်များများမှာ ဖတ်ကြည့်လိုက်ရင်လည်း Gym သွားဖို့၊ အနည်းဆုံးကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုလုပ်ကြဖို့ တော်တော်တိုက်တွန်းကြတာကိုတွေ့ရပါတယ်.. ပြဿနာကတော့ ဒီလို Gym သွားတယ်၊ အားကစားလုပ်တယ်ဆိုတဲ့ကိစ္စဟာ ရာခိုင်နှုန်းပြည့် ကောင်းကျိုးရှိတဲ့ ကိစ္စလားဆိုတာပါပဲ.. ပညာရှင်တော်တော်များများကလည်း ဒီကိစ္စနဲ့ပက်သက်ပြီး အဖြေရှာ research လုပ်နေကြတုန်းပါပဲ.. (ဟိုတစ်နေ့က Reader's Digest ထဲမှာဖတ်လိုက်ရပါတယ်.. ဒီကိစ္စနဲ့ပက်သက်လို့ပေါ့လေ.. ဒါကြောင့် လုလင်ပျို၊ လုံမပျိုများအတွက် ဗဟုသုတရအောင် ရှယ်ပေးလိုက်တာဖြစ်ပါတယ်..) Gym သွားတယ်၊ အားကစားလုပ်တယ်ဆိုတာဟာ လူကို fit ဖြစ်စေတာတော့မှန်ပါတယ်.. ဒါပေမယ့် fit ဖြစ်တယ်ဆိုတာနဲ့ healthy ဆိုတဲ့စကားလုံးဟာ ကြည့်ရင် ဆင်သလိုလိုနဲ့ တကယ်တော့မဆင်ပါဘူး.. Fit ဖြစ်တာနဲ့ healthy ဖြစ်မလားဆိုတာက တကယ်တော့ စဉ်းစားကြည့်ရင် တော်တော်ကိုရှုပ်ပါတယ်.. Fit ဖြစ်တယ်ဆိုတာက ကိုယ်လုံးအချိုးအစားညီမျှတယ်.. မပိန်လွန်း မ၀လွန်းဘူး.. လှပတဲ့ကိုယ်လုံးရှိတယ်ပေါ့နော်.. ဒါပေမယ့် ကိုယ်လုံးလှတိုင်း ကျန်းမာရေးကောင်း (healthy) ဖြစ်ပါသလား.. သုတေသီပညာရှင် ဒေါက်တာ Adrianne Hardman ရဲ့ ပြောကြားချက်ပါ.. တကယ်တော့ နေ့တိုင်း Gym သွားတယ်.. ပြင်းထန်တဲ့ အားကစားတစ်ခုခု (ဥပမာ - တစ်နေ့ကို ၇ မိုင်ပြေးခြင်း) စတဲ့ အလုပ်တွေဟာ body structure ကိုတော့ သွယ်လျလှပစေမှာ သေချာပေမယ့် သင့်ရဲ့ ကျန်းမာရေးအတွက်တော့ သိပ်မကောင်းတာအမှန်ပါပဲ.. ဒီလိုအပြင်းစားလေ့ကျင့်ခန်းတွေဟာ အကြောတွေကို တင်းမာစေခြင်း၊ အစာအိမ်ကို ထိခိုက်စေခြင်းနဲ့ ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုတွေကို ဖြစ်စေတဲ့အပြင် အသက်ကြီးလာတဲ့အခါမှာ ကိုယ်လုံးအချိုးအစားမမှန်တော့တဲ့ ပြဿနာနဲ့ အစားအစာမမျှတမှု ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်.. ဒါကြောင့် ဒေါက်တာက ပဲဆက်လက်တင်ပြထားပါတယ်.. ကျန်းမာလှပဖို့ဆိုတာ အပြင်းစားလေ့ကျင့်ခန်းတွေကို အားကြိုးမာန်တက်လုပ်ဖို့မလိုပါဘူး.. တကယ်တော့ တစ်နေ့တာ အိမ်အလုပ်တွေကို မှန်မှန်လုပ်ရင် အဲဒီ gym သွားတာ၊ အားကစားလုပ်တာတွေထက် အများကြီး အကျိုးကျေးဇူးကိုရစေပါတယ်တဲ့.. များများလုပ်ဖို့ မလိုပါဘူး.. တစ်နေ့ကို အိမ်အလုပ် မိနစ် ၂၀ လောက်လုပ်ရင်ကို ကျန်းမာလှပသွယ်လျတဲ့ကိုယ်လုံးကို ပိုင်ဆိုင်နိုင်ပါတယ်.. ဒေါက်တာတို့ အဖွဲ့ရဲ့ စနစ်တကျ သုတေသနပြုချက်တွေအရ တစ်နေ့ကို မီးပူ ၁၅ မိနစ်တိုက်တာဟာ gym မှာ ၁ နာရီပြေးတာနဲ့ ညီပါတယ်.. ဒါ့အပြင် ရေဓာတ်ဆုံးရှုံးခြင်း၊ အစာအိမ်ကိုထိခိုက်စေခြင်း စတဲ့ ပြဿနာတွေကလည်း ကင်းဝေးစေပါတယ်.. တကယ်တော့ အိမ်မှာ မိနစ် ၂၀ စာကြမ်းတိုက်လိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အထက်ကတင်ပြခဲ့သလိုပဲ အကျိုးကျေးဇူးတွေရမယ့်အပြင် အပြင်းစားလေ့ကျင့်ခန်းတွေထက် နှလုံးကိုလှုံ့ဆော်မှုအားကောင်းလာစေခြင်း၊ အစားအစာခြေဖျက်မှုအား ပိုမိုကောင်းမွန်လာခြင်းနဲ့ ယောဂမကျင့်ဘဲ ယောဂကျင့်သည့်အလားအကျိုးကျေးဇူးရရှိစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာရရှိမယ့်အပြင် ကိုယ့်ရဲ့ အိမ်ခန်းလေးကလည်း သန့်ရှင်းလှပတောက်ပြောင်နေအုန်းမယ်ဆိုတော့ ဘာလိုသေးလဲလို့တောင် ပြောရအုန်းမယ်နော်.. ဒါကြောင့် gym သွားဖို့ အချိန်မရှိလို့ စိတ်ညစ်နေသူများ စိတ်မညစ်ပါနဲ့တော့.. အိမ်တွင်းဖြစ်အားကစားဖြစ်တဲ့ အိမ်သန့်ရှင်းရေးကို မှန်မှန်လုပ်ပြီး လှပကျန်းမာခြင်းကို အရယူကြရအောင်နော်.. :)

No comments:

Post a Comment