ရည်းစားထားတယ်ဆိုတာကို အမျိုးမျိုး definition ဖွင့်ကြတယ်နော်.. အဲထဲကမှ ဒီ definition ကိုတော့ မိုက်တယ်ထင်လို့ရှယ်လိုက်တာ
.. ဟဲဟဲ.. :P
ရည်းစားထားတယ်ဆိုတာ ဖိနပ်ရှာဝယ်ရသလိုပါပဲ.. ဖိနပ်ဝယ်တဲ့အခါ ကိုယ်နဲ့တော်ပြီး ကိုယ်ကြိုက်တာကို ရှာဝယ်ရပါတယ်.. တစ်ခါတစ်လေမှာ ဖိနပ်စတိုင်တွေပြောင်းသင့်ရင် ဖိနပ်သစ်ကို ဆိုင်အနှံ့မှာ လျှောက်ရှာသင့်ပါတယ်.. တစ်ခါတစ်ရံမှာ စတိုင်မကြိုက်ပေမယ့် ၀တ်ရတာ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေ့မိသလို တစ်ခါတစ်ရံမှာလည်း စတိုင်ကို ဘယ်လောက်ပဲကြိုက်ကြိုက် သင်နဲ့မလိုက်သလို ဘယ်တော့မှ တော်နိုင်မှာမဟုတ်တဲ့ ဖိနပ်မျိုးကိုလည်း တွေ့မိမှာပါ.. ၀တ်ရတာလည်း သက်တောင့်သက်သာရှိ.. ဒီဇိုင်းလည်းမိုက် သင့်အကြိုက်ဆိုတဲ့ ဖိနပ်မျိုးကတော့ ရှာမှရှားပါပဲ..
မိုက်တယ်နော်.. အင်း.. ရှယ်သာရှယ်လိုက်ရတယ်.. သျှင်သျှင်တစ်ယောက်လည်း ဖိနပ်ဆိုင်တွေလှည့်ရင်း .. ဖိနပ်တွေတစ်ရံပြီး တစ်ရံစွပ်ကြည့်ရင်း.. :D
3 comments:
ကောင်းလိုက်တဲ့ တွေးထောင့်။ ဖိနပ်သစ်တောင် မ၀ယ်ရဲတော့လောက်အောင်ပဲ။
အတွေးကောင်းလေးတွေကို ကြိုဆိုပါတယ် မသျှင်ရေ။ မင်္ဂလာပါနော်...
ရောက်လာခဲ့ပါတယ်ညီမရေ ......
ဟဟဟ.. ကျေးဇူးပါ မမ မနော်ဟရီနဲ့ ကိုဟန်ကြည်ရေ.. :)
Post a Comment